လက်ပစ်ဗုံးလား
င့ါနှလုံးသားထုံဆေးမိခဲ့တဲ့အခါတုန်းက
အလွမ်းကိုကြက်ခြေခတ်
ငါ့ကိုငါရက်စက်ခဲ့တယ်…
ကျေးဇုးပြုပြီး
ငါ့ကိုပစ်ချထားခဲ့ပါတော့လို့တောင်းဆိုမယ်..
ဒီလိုတော့ဒရွတ်တိုက်ဆွဲမသွားပါနဲ့….
နင်ပေးခဲ့တဲ့အချစ်ဆိုတဲ့တံဆိပ်ကပ်ထားတဲ့
အသဲနှလုံးပါကင်ဗူးလေးထဲမှာ
အကြီးအကျယ်ပေါက်ကွဲမယ်လက်ပစ်ဗုံးတစ်လုံး
ရှိနေမှန်း..ငါတကယ်မသိခဲ့တာပဲ…
ကြေကွဲပါစေတော့..
ဒါကိုပဲ..ငါမက်မက်သက်သက်မြိုပစ်လိုက်တယ်….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service