ကဝေ
….ကဝေ…
…………..
၁.
အဲဒီ …. မျက်ဝန်းညိုညိုတွေပေါ့
မြှားတွေလို ကျနော်ရင်ဘတ်ကိုပစ်ခွန်းနေတာ ။
၂ .
အဲဒီ ….အပြုံးတွေပေါ့
ညည
ကျနော် အိပ်စက်ခြင်း နဲ့ကင်းဝေးစေခဲ့တာ ။
၃.
အဲဒီ…..အပြောတွေပေါ့
ဒိုင်းးးးဆိုပြီး အသံမမည်လိုက်ပေမယ့်
ကျနော် ဘယ်ဘက်ရင်အုပ်ကို ခဏခဏသေစေခဲ့တာ ။
၎.
အဲဒီ အပြုမူ အမူယာတွေပေါ့
လူနဲ့စိတ် စိတ်နဲ့လူ
ခေါ်မကြားအော်မကြားဖြစ်အောင်
ပြုစားနေခဲ့တာ ။
၅.
အဲဒီ ကဝေမလေးပေါ့
ရှင်ရက်နဲ့သေနေတဲ့ဘဝ
ကျနော်ရဲ့မနက်ဖြန်တွေအားလုံးကို
ပြဿဒါးနေ့အဖြစ်ပြောင်း
လက်ဆောင်ပေးသွားခဲ့တာ ။
လက်ျာ
22.4.2014 TUE
11;45am
—
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဲဒီ အပြုမူ အမူယာတွေပေါ့
လူနဲ့စိတ် စိတ်နဲ့လူ
ခေါ်မကြားအော်မကြားဖြစ်အောင်
ပြုစားနေခဲ့တာ ။
……………………………….
တစ်ပုဒ်လုံကောင်းတယ်…အားပေးသွားပါသည်။