အချစ်ကဗျာ – ၂
လှုပ်လီလှုပ်လဲ့ ဗောတံတားလေးနဲ့ ပဲ
ဆိပ်ကမ်းက အသက်ငွေ့ ငွေ့ ကို ရှိုက်တယ်။
မမိုက်ပါဘူး
ကိုယ့်နေရာ ကိုယ်ဝင်ကြည့်ရတာနဲ့ တင်
စိတ်ဆိုတာ အလွမ်းအဖွေးသားရယ် …၊
ဒီတစ်ညနေလောက်ပဲဖြစ်ဖြစ်
မေ့ဖျောက်ထားလို့ ရရင် ကောင်းမယ်၊
ငါ့သတိရမှုက ဘယ်၍နဲ့ မှ ဘယ်လိုမျိုး …
ရှိစေတော့ကွယ်၊
အဲ့ဒီ့လို ခလုတ်မျိုးနဲ့ တော့
သူ့ ကို ခိုက် မှာ
စိုး .. တယ် …..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service