ဘ၀၏ခါးသက်သောအရသာ
လူများစွာ ကျင် လည်ရာ ဘ၀သံသရာ
ချစ်ခင်နှစ်သက်သူမရှိရာ ဒီဘဝ
အဖြေရှာမရ ဘ၀ရဲ့အမှား
ခါးသက်သက်ဒီဘ၀ကို
ကော်ဖီခါးတစ်ခွက်နဲ့အတူမျောချ
ကံဆိုးခြင်းများစွာနဲ့မျက်ရည်ဝဲ
တဒင်္ဂအချိန်မှာ အထီးကျန်စွာခံစား
ရှေ့ဆက်ဖို့ ခွန်အားများလည်းစုကာထား
အဖြေရှာဖို့ဘ၀အဓိပ္ပာယ်
သိစေဖို့ ဆုတောင်း
အောင်မြင်ဝါကြွားမှ ခြွေရံသင်းပင်းများ
ငါလိုအရာရာရှုံးနိမ့်ခဲ့သူ
မ၀ါကြွားလိုသူ..
အရေးတယူထား ဆက်ဆံမဲ့
တိတ်ဆိတ်ခြင်းနဲ့ အတူငါနေမယ်.
ဓမ္မတာမို့ ငါမငြိုငြင်.
မေတ္တာစစ်ဖြင့် အမြဲကမ်းလင့်မယ်
မိတ်ဆွေသင်္ဂပာများစွာကိုစောင့်စား
ခွဲခွါသွားသော ချစ်သူလည်း
မေတ္တာစစ်ဖြင့် စောင့်စားကျန်ရစ်ငါ့အဖြစ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခါးသက်သက်ဒီဘ၀ကို
ကော်ဖီခါးတစ်ခွက်နဲ့အတူမျောချ