ပုစ္ဆာ
အစွန်းတစ်ဖက်ချိုး အိပ်မက်လေးဟာ
ဝင်္က၀ုတ္တိ နောက်ပြန်ဆွဲရင်း
အပြုံးတွေနဲ့ နှစ်ချလိုက်တာ
ငါ့ ကိုယ်ပိုင်နာမတွေ ယိုင်နဲ့သွားတယ်…
ကိုယ်စောင့်နတ်က
၁၂ ရာသိီဟောစာတမ်းအရ
၂၄ ပစ္စယော ရွတ်ခိုင်းပေမယ့်
ဘုတေခဲ့တဲ့ ငါ
မခိုးမခန့်နဲ့ ယတြာကျိုးလို့….
အတိုးပေးစရာမလိုတာသိတယ်
ဒါပေမယ့်…
အိပ်မက်လေးအတွက်
အပေါင်ဆုံးခံလိုက်ရတာတွေ
တသသနဲ့ခိုးနမ်းနေရတုန်းပါ….
ကိုင်တွယ်လို့မရတဲ့ အလင်္ကာအဖြစ်နဲ့
ခဏ ခဏ ခိုးကြည့်ခဲ့ရတဲ့
အိပ်မက်လှလှလေးရေ
ကြီးကောင်ကြီးမားနဲ့
အလွမ်းတွေ ရေမချိုးနိုင်သေးတဲ့
လငပုတ် ဖမ်းတဲ့ကောင်ကို
မနက်စောစောနိုးပါ
အလွတ်မရသေးတဲ့ ပုစ္ဆာ
အဖြေထွက်မှဖြစ်မယ်….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service