သံသရာဆုတောင်း
ဟိုး ငယ်ငယ်တုန်းကလေ
အကြွေစေ့လှည့်ခဲ့ကြသလို
နင့်သဘောက ခေါင်းနဲ့ပန်း….
အပြောင်းအလဲမြန်တယ်…..
ရှုံးမဲ မဲရင် ပိုရှုံးတတ်သတဲ့
သိရက်နဲ့ မိုက်မိတဲ့ငါပါ…
နင် အနိုင်နဲ့ပိုင်းခဲ့လို့
ငါ့မှာတော့လှိုင်းထန်ခဲ့ပြီ…
ဒီဘ၀က ခဏရယ်ပါ
သံသရာက မဆုံးဘူးတဲ့နော်
နင်ဘယ်အထိများပြေးဦးမှာလဲ
ဝေးမယ်ထင်ရင်မှားသွားလိမ့်မယ်
တစ်ကွေ့တော့ပြန်တွေ့ကြမှာပါ
သေချာတာက အမှန်တရားမို့
အသင့်သာပြင်ထားလိုက်နော်…
အရိပ်တွေကတားမရဘူး
ငါရှုံးရင်နင်ပြုံးပေါ့လေ
တကယ်လို့များနင်ရှုံးခဲ့ရင်တော့
ကြိုတင်၍ခွင့်လွှတ်လိုက်ပါကြောင်း
ငါ…ဆုမွန်ကောင်းတောင်း……
Comment #3
Coincidence…. 😀
By: HH at Jun 8, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Do anyone’s insides and outsides match up? I don’t know.Maybe that’s what a person’s personality is.