သတိရခြင်း
မငြိမ်သက်ဖူးနဲနဲမှ
ပြေးလွှားရင်းတိမ်းမူး
လေရူးထဲကရွက်ကြွေလို…
တီးတိုးဆိုညည်းရင်းတေးချင်း
သူဘယ်မှာလဲဖွေရှာရင်း
ချစ်ခြင်းနဲ့ထုံအီတဲ့သံစဉ်…
သူလာရင်တကယ်လို့များ
ဟင်းလင်းဖွင့်ကြိုဆိုချင်ပါရဲ့
ဒါပေမယ့် အော် ဒါပေမယ့်လေ…
အဝေးမျှော် မျှော်နေရင်း
သက်ပြင်းတစ်ရှိုက်နဲ့ တစ်လိမ့်ချင်းဆင်း..
မင်း မင်းလေးကိုသတိရခြင်း…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service