တောင်တန်းငိုသံ
မိုးရေတွေ ဖြိုင်ဖြိုင်သွန်းတာမှန်လျှင်…..
ဖားသူငယ်တွေ.. လှိုင်လှိုင်ပေါကြသည်…၊
တောင်ခြေမှာ ….. မြေ၊ယာ၊ကိုင်း၊ ဆိုင်းရင်…
မြစ်ရေတွေ တသွင်သွင်ရိုင်းခမြည်…။
ကောင်းကင်ယံ… ကြယ်တွေလက်နေပေမယ့်…..၊
မရိုင်းတဲ့မြေမှာ…. ပန်းတွေမဖူး၊ ယမ်းတွေသာကူးခဲ့ပြီ..။
ဘယ်မလဲ…၊ သူတို့ပြောတဲ့… ငြိမ်းချမ်းမှုတွေ..၊
ဘယ်လိုလဲ…၊ သူတို့ရေးတဲ့…. သင်ခန်းစာတွေ..၊
ဘာကြောင့်လဲ…..၊ မရောက်သေးတဲ့…… ဟိုထောက်ပံ့မှုတွေ….။
ပြန်မေးမိတယ်အကြိမ်ကြိမ်…. နားထဲခါးနေပေမဲ့…….၊
ပြန်တွေးကြည့်တယ်… အဖန်ဖန်…. သူ့အလှည့်မရောက်ပေမဲ့…၊
နောက်ဆုံးတော့…. ငိုသံတစ်ခုကအဖြေထုတ်ခဲ့တယ်…၊
ခုချိန်ထိ … သုံးနှစ်သာပြည့်သွားခဲ့မယ်….၊
သူတို့လေးတွေ….. အိမ်မပြန်ရသေးဘူး…………၊
ခံပြင်းနေရတယ်…။
တောင်တန်းပေါ်က… သွေးစုပ်တဲ့ သံစဉ်တွေပျံ့ကြဲခဲ့တယ်…၊
မလှမ်းနိုင်တဲ့…. စာသင်ကျောင်းတွေက…၊
ဝိဥာဉ် ငင်သံမဲ့နေကြတယ်………၊ ဒါတွေကိုလည်း……….. ဒင်းတို့မမှု.။
မျက်လုံးမှိတ်ပြီး… ဇွတ်ငြင်းကြတယ်..၊
ဟိုးမှာကြည့်စမ်း..၊ တောင်တန်းပြာမှာ မြူခိုးတွေဖြာနေကြတာတဲ့…၊
ဒါကိုလည်း…. ရေကျသံတွေ ခြောက်ကပ်နေတဲ့ မြစ်နှစ်စင်းက ဖြေပေးလိုက်တယ်..၊
မြူတွေမဟုတ်ဘူး….. အဲဒါ… မီးခိုးတွေဝေနေတာ၊
တောင်တန်းတွေ ငင်နေတာ…..။
ဆီးနှင်းဖြူတွေ…ရင့်ဆီးကာကြိုနေပေမဲ့..၊
သဲအင်းဂူပမာ …. ထိုင်နေတဲ့ အရွယ်တွေကတော့…
ရင့်သီးစွာဘဲ… နှုတ်ဆိတ်နေကြပြီ…၊
သူတို့ရင်မှာ တောင်တန်းတွေ ငိုနေပြီ၊ မြစ်ရေတွေလည်း ခမ်းလုပြီ…၊
ပြန်ကြည့်ပါဦးလို့……. မျှော်မှန်းကာရီ။
ဘာကြောင့်ရယ် .ငါမသိ….၊
ငိုသံတွေက မဆဲသောကြောင့်၊
မြစ်ရေတွေလည်း… ခမ်းသောကြောင့်…၊
စာအံသံတွေ………. ဆိတ်သုဉ်းသောကြောင့်…၊
ကျည်ဆံမိုးတွေ… စွေနေသောကြောင့်………….၊
အိမ်ပြန်လမ်းမှာ….. ပြန်စောင့်နေမိသည်………….။
ကျည်သံများကို ကျော်လွှားချင်သူ
………….ကိုဇေ……………..