လူသိရှင်ကြား……..ကြိတ်ငိုသူ
ဒီနေ့…….. ကောင်းကင်ကြီး တအားငိုနေတယ်…
ဘာဖြစ်မှန်း… ငါသေချာမသိ…၊
သူငိုတာဘဲ… ငေးကြည့်နေမိတယ်………..။
သူ့ငိုသံမှာ…… စမ်းချောင်းကလေးတွေ… ကခုန်နေကြတယ်…၊
သူ့မျက်ရည်မှာ….. မြောင်းကလေးတွေ… သီဆိုနေကြတယ်…၊
မနုဿတွေကတော့….. သူ့ကို လှောင်ချင်လှောင်မယ်..၊
ပြောင်ချင်လည်းပြောင်လိမ့်မယ်…၊
တစ်ချို့က…. ဆဲပါဆဲလိုက်သေးတယ်…။
ဒါကိုလည်း…. သူမမှု၊ ဂရုမပြုဘဲ…
သံစဉ်တွေကို …. ၀ုန်းဒိုင်းကြဲအောင် သူဆက်ဆိုသွားတယ်….။
လေပြေလေးက အပြေးအလွှားနဲ့ ပြောသွားသေးတယ်…
သူ ဝအောင်ငိုသွားမယ်လို့…၊
သူ့ငိုသံမှာ.. … ပင်ပျိုလေးတွေ လန်းကြမယ်…
သူ့ ကျီစယ်မှုမှာ…. ရော်ရွက်စိမ်းတွေ မြန်းကြမယ်…၊
သူ့လှောင်ရယ်သံက ….. တစ်ချို့တွေကို လွမ်း စေတယ်…။
တစ်ခါတစ်လေ… သူနဲ့ ဖိုမဓါတ်တွေ တွေ့ကြတဲ့အခါ…
တစ်လောကလုံး…… ရောင်စုံအလင်းတွေဖြာသွားတယ်…
ဒီကြားထဲမှာ…. သူ့အပြုံးကို မခို့တရို့လေး … လှမ်းမြင်နေရတယ်…။
ဒါကိုဘဲ… တစ်ချို့တွေက…
အချစ်မရှိတဲ့အချိန်မှာ… ဘာကြောင့်ပိုသည်းသလဲလို့.
အော်ငိုနေကြတယ်…။
မိုးရွာရင်တော့ မိုးရေချိုးချင်ပေမယ့်…
မေမေလာရင် …. နို့စို့တတ်တဲ့ အရွယ်မဟုတ်ပြန်တော့…
ခက်သားဘဲလို့ …ငါထင်တယ်…။
ဒေဝါကဘဲ …. များလေသလား…
သူတို့တွေဘဲ… မှားလေသလား……………၊
ငါလည်း ရှုပ်ထွေးနေဆဲ…..။
ဒီလိုနဲ့ဘဲ… သူအငိုတိတ်သွားတယ်…..
ရင်ဘတ်ထဲမှာလဲ…… အမှောင်ထုကြီးနဲ့………
ပြီးတော့…. သူမဟုတ်သလိုဘဲ….
အင်း… တယ်လည်းတတ်နိုင်ကြတာဘဲလေ………………………………..။
ဒေဝါကြားမှာ လမ်းပျောက်သူ
……………….ကိုဇေ…………