အချစ် x ခွေး
အချစ်သည်
ဘယ်သော အခါမှ
ခွေးတစ်ကောင်နှင့် မတူညီနိုင်ပါ
အဘယ်ကြောင့်ဆိုသော်…..
ခွေးသည်
စားကြွင်းစားကျန် များကို
ပြောင်စင်အောင် ရှင်းပစ်နိုင်၍…
အချစ်သည်…
နှလုံးသား၏
သံယောဇဉ် ဒဏ်ရာ တစ်စတစ်လေကိုမှ..
ရှင်းမပေးနိုင်ပါ…
ထိုကြောင့်…
အချစ်သည်
ဘယ်သော အခါမှ
ခွေးတစ်ကောင်နှင့် မတူညီနိုင်ပါ၊၊
Comment #2
he,,he,,
100% right,
😛
By: ei lay at Jun 15, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mite mite