သူငယ်ချင်း?? ဟုတ်လား??
သူငယ်ချင်း … တဲ့ ။
အကြည်လင်ဆုံးပြုံးပြ
အဖြူစင်ဆုံးခင်ရမယ်ပေါ့ ?
နင် ..
ဘယ်လိုခွန်အားမျိုးများ (ငါ့ကို)ပေးခဲ့ဖူးလို့ပါလိမ့်
မဆုံနိုင်တော့ဘူးဆိုတဲ့အသိနဲ့တင်
ငါ့ရင်တွေ တဆစ်ဆစ်နာကျင်ကြေမွပြီးသားပါ။
နင်
လျစ်လျူရှုထားလက်စအတိုင်းပဲသာထားလိုက်ပါ
ငါ …
(ကျေးဇူးပြုပြီး)
ဟန်မဆောင်ပါရစေနဲ့။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service