ပခုက္ကူနည်းပညာတက္ကသိုလ်
အို ချစ်ကျောင်းတော်ကြီး….
ခေါင်းလောင်းမထိုးပေမယ့်လည်း
စာသင် သံတွေဆူညံဆဲပါ။
မြို့လယ်တွင်းမှာမရှိပေမယ့်လည်း
အဆောက်ဦးကြီး ဟီးနေဆဲပါ။
နွေနေပူလောင်လွန်းပေမယ့်လည်း
တို့ကျောင်းတော်ရိပ်က အေးမြဆဲပါ။
ဆရာ၊တပည့်လည်း တန်းတူတွဲကာ
တူညီဝတ်စုံတွေနဲ့ ဖြူစင်ဆဲပါ။
အရှေ့၊အနောက် ကဲန်(န်)တီး(န်) ရှိကာ
လှပသန့်ရှင်းစွာ စားဖွယ်ခင်းထားဆဲပါ။
ကျောင်းတော်တွင်းမှာ ပညာသင်ရန်
သင်ထောက်အကူ စုံလင်လှဆဲပါ။
စာကြည့်တိုက်အတွင်း
စာအုပ်စုံလင်၊e-library လည်းရှိပါသေးတယ်။
ရေးလို့မကုန် အလှစုံ၍
အနာဂါတ်ကြယ်ပွင့် ပေါ်ထွန်းဆဲပါ။
အိုကွာစုံလှ အဘယ်လဲဟ ကြည့်လိုက်မိခါ
ကျောင်းရှေ့ မော်ကွန်း မားမားမတ်မတ်
တို့မြို့ဂုဏ်ရည်ဆောင် စာလုံးကြီးနှင့်…
“ နည်းပညာတက္ကသိုလ်(ပခုက္ကူ) ´´တဲ့…။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service