ငါတို့ ကျောချင်းကပ်ပြီး ဝေးကြရအောင်…
နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်မှ ဘ၀ကို လူတန်းစေ့နေနိုင်မယ်လို့ နင်ကတွေးတယ်..
ငါကတော့ ဟောဒီဇနပုဒ်မှာပဲ ဘ၀ကိုသက်တမ်းစေ့အောင် နေချင်တယ်..
ကမ္ဘာ့နိုင်ငံကြီးတွေအကြောင်း..
သူတို့သုံးတဲ့ စက္ကူတွေအကြောင်း နင်ကပြောနေချိန်..
ကလေးတစ်ယောက်လက်ထဲက လွတ်ထွက်သွားတဲ့ မိုးပျံပူပေါင်းလေးကိုကြည့်ပီး ငါက၀မ်းနည်းတယ်..
သေချာပါတယ်.. ငါက နင့်အတွက်တော့ ရီချင်စရာပဲမဟုတ်ပါလား..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service