အရိပ်ဟောင်း
မင်းဆီမှာ အဲ့ဒီအရိပ်တွေ ရှိနေတုန်းပဲလား..
အဲ့ဒီအရိပ်ကမင်းရဲ့ဘ၀ကိုဖျက်မဲ့ အရိပ်မဲ မဟုပ်ဘူးလား..
မင်းအနာဂတ်ကို စုပ်ယူသွာဲး့ အရိပ်မဲ မဟုပ်ဘူးလား…
မင်းမသိတာလား…သိရက်နဲ့ သယ်ဆောင်နေတာလား…
မင်းသယ်ဆောင်လာတဲ့ ရထားကြီးဟာ ဘယ်ဘူတာထိ သွားနေဦးမှာလဲ…
မင်းမှာ အနားသပ်ဘူတာရော ရှိပါ့လား…
ဘူတာမဲ့ ခုတ်မောင်းနေတဲ့ ရထားတစင်းလား…
ညမှောင်ပေါင်းများစွာဟာ မင်းအတွက်လသာနေတာလား…
ချစ်သူရေ မင်းခုတ်မောင်းလက်စ ရထားကြီးကို အခုရောက်ရာ နေရာမှာဘဲ..
မင်းခိုနားဘို့ အဖြူရောင်ဘူတာလေးက မင်းအတွက် အမောတွေ ပြေ မှာပါ…
မင်းမောလို့ နားခို ခနလောက်နေပြီး စိတ်ချမ်းသာစွာ မင်းထွက်သွားလည်း..
အဖြူရောင်ဘူတာလေးကတော့မင်းကို ဘယ်လောက် လွမ်းနေဦးမှာလဲ ဆိုတာတော့..
မင်းမျက်နှာလွဲပြီး ထွက်သွားလိုက်ပါ…ကျန်ခဲ့တဲ့ အဖြူရောင်ဘူတာလေးက …
ပြန်လာမဲ့ ရထားလေးကိုမျော်ရင်း….ဒီနေရာမှာဘဲ လာမချင်းစောင့်နေမှာပါ…..
အော်…ဘာရယ်ဟုပ်..စိတ်ထဲတွေးရင်း..ရေးမိသည်….
အိမက်ချစ်သူ…ချစ်သူအိမ်မက်(20.2.2014)july rain
Comment #1
Pa Li Pa La A Mel yaung Bu Ta. I pity him. Sorry Admin I cant keep my promise. But that’s final. Pls forgive me. 😀