ယု
ယု….
ခခယယ တောင်းဆိုပါရစေ
ပါးပြင်ပေါ်က အမှတ်တံဆိပ်
အိပ်ယာနိုးတိုင်း ခပ်နှိပ်ပေးနော်
ယု….
ယုယုယယ ထွေးပွေ့ထားပါရစေ
အားငယ်စိုးထိတ်
ဘယ်တော့မှ စိတ်မညစ်နဲ့နော်
ယု….
ဖေးဖေးမမ တွဲခေါ်ပါရစေ
ခရီးဘယ်လိုပမ်း လမ်းဘယ်လောက်ကြမ်းစေ
လက်တွဲမဖြုတ်စတမ်းနော်
ယု….
ကြင်ကြင်နာနာ အားပေးပါရစေ
အခက်အခဲတွေနဲ့ ဘယ်လိုပဲရင်ဆိုင်
စိတ်ဓါတ်ခိုင်မာ ပါစေနော်
ယု….
ကြည်ကြည်နူးနူး ရည်စူးပါရစေ
နောင်သံသရာ ဘ၀အဆက်ဆက်
ပါရမီဖြည့်ဘက် အဖြစ်နော်
ယု….
တီတီတာတာ စကားဆိုပါရစေ
နှလုံးသားတစ်ခုလုံး ဆွတ်ယူခြွေသုံးပေါ့
ယု..တစ်ယောက်ကိုသာ အချစ်ဆုံးလေ….
လေးညှို့ရှင်
၂၇.၇.၂၀၁၄
(08:04 AM)
Comment #3
အားပေးသွားပါသည်။ 🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက်တယ်
အားပေးသွားပါတယ်ဗျို …
Respect,
Loafer