ကြေငြာစာတမ်း
အမှတ်တရဆိုလို့
(မကြာခဏထုတ်ကြည့်ဖို့)
တယုတယ သိမ်းထားတဲ့
မင်းရဲ့ နိုင့်ထက်စီးနင်း ဆန်ခဲ့မှုတွေ ပဲ ရှိတယ်..
အလွမ်းဆိုလို့
နင်ကမ်းတဲ့လက် မတွဲမိခင်က
ကြည်စင်မှုတွေကိုပဲ လွမ်းဖူးတယ်..
သံယောဇဉ်ဆိုလို့
မဖြစ်ညစ်ကျယ်ဥာဏ်လေးနဲ့
နှစ်ပတ်လည်တွေမှာ
ငါရေးခဲ့ဖူးတဲ့ ကာရန်တွေပဲရှိတယ်..
အတွယ်အတာ
အကြင်နာ..
ဝေဒနာတွေက အစ
အကုန်ခါထုတ်ဖို့
တွန်းအားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..
ဘယ်လိုနေလဲ သိချင်မိတယ်ဆိုလို့
ကိုယ့်နှလုံးသားတံခါးရှေ့မှာ
မင်းအတွက် စာတန်းချိတ်ပေးထားခဲ့တယ်..
“စိတ်ထဲမှာ ရွံသွားရုံမှ အပ.. ဘာမှ မရှိတော့ဘူး”
….
Comment #3
#ကုန်ရှုံးရင် တစ်ခေါက်
#မိန်းမယူမှားရင် တစ်သက်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
R pay twr par tal
Nice poem 🙂
YNWA