ဝိရောဓိ
အေးစက်လွန်းတဲ့ ညက
စက္ကန့် တစ်ခုနဲ့ တစ်ခုကြား
တစ်ကမ္ဘာ…
ငါ ကိုယ်တိုင် နားမလည်တဲ့
ငါ့စိတ် နဲ့ ငါ့စည်းကြား
ဗျာများနေတဲ့ ငါ ..
ဟာ……..
ငါ… ဆိုတာ ရှိသေးပါရဲ့…
အတွေးတွေ…အတွေးတွေထဲ
ဗျာများရင်း…ငါ ..
တစ်ခါ ပြန်ပျောက်သွားပြန်ရဲ့
အားးး….
အာခေါင်တွေ ခြောက်ကပ်လာပြီ..
နေ့…ရော… ည ပါ…
ငါ့ရဲ့ အသည်းနှလုံးထဲက..
ငါ့ကို…… ငါ့ဆီ… ပြန်ပေးပါ..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service