အေးစက်သူ
အေးစက်တဲ့ ညလေဟာ
ကျောရိုးကတဆင့်..
ခန္ဓာကိုယ်တစ်ခုလုံးဆီကို
စီးဆင်းသွားတယ်။
လေအေးတွေကနေ သွေးကို
အသွင်ပြောင်းသွားတာလား.
ဟိုး .. သွေးထဲအထိ
အေးစက်လွန်းတယ်။
လမ်းခွဲခြင်းရဲ့
အထီးကျန်ဆန်မှုဟာ
လွတ်ချလိုက်တဲ့
လက်ဖျားကနေ တဆင့်
ခန္စာကိုယ်ထဲ အထိ
စီးဆင်းသွားတယ်။
အချစ်တွေဟာ
ဟန်ဆောင်မှုနဲ့ စည်းအဖြစ်
အသွင်းပြောင်းသွားခဲ့တာလား
နှလုံးသားဟာ
အေးစက်လွန်းတယ်။
ညလေကြောင့်
ဖျားနာတယ်။
အချစ်ကြောင့်
နာဖျားတယ်။
ဒါကိုပဲ..
အသားကျလို့
သွေးအေး သတ္တဝါတစ်ကောင်
ခံစားချက်မဲ့
အသက်ရှင်နေရရှာတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service