အချစ်က ပုံပြင်တွေထဲမှာ..
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေတဲ့ကိစ္စမှာ
နင့်အပေါ်မှီခိုမယ်ဆိုတဲ့
စိတ်ဆန္ဒတစ်စုံတစ်ရာလည်းပါတာပေါ့ မောင်
ထမင်းရည်အတူသောက်ပီး..
တဲအိုပျက်မှာအတူတူနေမယ်လို့
ယောင်လို့တောင် မရူးခဲ့မိပါဘူး..
ဒါပေမယ့် မောင်
ဟောဒီခြေလှမ်း သေးသေးလေးတွေနဲ့.
မိုးမျှော်တိုက်ကြီးတွေဆီ မရောက်ပေမယ့်..
နင့်နှလုံးသားထဲထိတော့ ငါရောက်အောင်လာနိုင်ခဲ့သားပဲ..
အဲဒီ စက္ကူတွေကို ရေစရာမရှိတော့ဘူးဆိုရင်
ငါတို့အတူ ကောင်းကင်ပေါ်ကကြယ်တွေကို ရေနေနိုင်သားပဲ..
ကမ္ဘာ့နိုင်ငံကြီးတွေလောက် မတောက်ပြောင်နိုင်လဲ
ငါတို့ဆီက လတ်ဆတ်တဲ့လေတွေနဲ့ အသက်ရှူချောင်သားပဲ..
နီယွန်မီးရောင်တွေမရှိလည်း..
ငါတို့အချစ်တွေနဲ့ လင်းနိုင်သားပဲ..
အခု ငါဘယ်လိုပြောပြော ငါ့စကားတွေ
နင့်နှလုံးသားထဲ မတိုးတော့ဘူးဆိုမှတော့..
နင်က နင်ယုံကြည်ရာကို လျှောက်ပါ..
ငါက အဲဒီ နင်လျှောက်တဲ့လမ်း..
နောင်တတွေမရှိစေဖို့..
ပုံပြင်တွေထဲမှာပဲ ကျန်ခဲ့တော့မယ်..
ငါတို့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်တွေဆိုတာ..
“ဟိုးရှေးရှေးတုန်းက”နဲ့ စလိုက်ရတဲ့…
နင်ဘယ်လိုပြန်ရှာရှာ မတွေ့တော့မယ့်
ပုံပြင်တွေလို့သာ ယုံမှတ်လိုက်ပါ….
Comment #1
ဓားရှတာပဲခံလိုက်ချင်တယ်..စက္ကူရှခံရတာ အခံရခက်တယ်..