အနီးဆုံး
နုးညံ့မှုတွေ
ယှက်သန်းနေတဲ့
မျက်ဝန်းလေးကို
တိတ်တဆိတ်
ကျိတ်လွမ်းနေ..
မဝံ့ရဲ စိတ်နဲ့
မလှမ်းရဲတဲ့ ခြေလှမ်း
ခပ်နွမ်းနွမ်း ညနေတွေ..
ပြောင်းလဲခြင်းတွေကြား
မပြောင်းလဲသေးတဲ့
ခပ်ပါးပါး နံရံရဲ့ တစ်ဖက်က
ရင်ခုန်သံသဲ့သဲ့လေး..
အဲဒါ..
နင် နဲ့ ငါ လေ… ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service