မန္တလေးသွား ခရီးတစ်ပုဒ်
မန္တလေးသွား ခရီးတစ်ပုဒ် (1)
+++++++++++++++++++
လှုပ်လီလှုပ်လဲ့…ယိမ်းနွဲ့ဝေစီ..
တဒုတ်ဒုတ် အော်မြည်ကာဖြင့်…
ခရီးဆက်ခဲ့သည်.။
များမကြာမီ… ရောက်ခဲ့ပြန်ပြီ…
ရင်ထဲမှာ တွေဝေစရာတွေနဲ့…
သခင်မောင်မှိုင်း ပျောက်ခဲ့တဲ့ နေရာဆီ..။
ညသန်းခေါင်မတိုင်မီ.. ရောက်လို့ပျော်သည်
မန္တလေးရဲ့ ဆူညံမှုတွေနဲ့.
ရထားပေါ်တက်၍ အော်ခဲ့သည်…။
တစ်ခေါက်တစ်ခါမှ ရောက်လာတဲ့ လူတွေများတော့
သူတို့ ဦးဆောင်ရာကိုဘဲ …အင်းလုပ်၍
လိုက်ခဲ့ရသည်…။
အာရုဏ်တက်စ..တစ်မနက်က
အိမ်တော်ရာမှ… ခြေလျင်ကြွကြသည်..
ဘုရားကြီးကလည်း ဝေးသမို့…၊
ကြယ်ရောင်ကလည်း ပျောက်သမို့…။
တောင်တော်နှင့် နန်းတွင်း၊
ခြေလျင်ဖြင့်… ဆင်း၊နင်း၊
အတော်မဟန်ဘဲ….. ခက်လှသည်….။
နန်းတွင်းရောက်ခိုက်.. ဓါတ်ပုံရိုက်လျက်.၊
ခပ်မိုက်မိုက်ဘဲ…ရေအိမ်အကြောင်း
ဆွေးနွေးကြသည်..။
ဦးပိန်မှာ… မျောက်ပိန်တွေ ကမြင်းတာကြောင့်
စိုးရိမ် စရာတွေ…ဖြစ်လာခဲ့သည်.။
ဒိုင်းမွန်းမှာ ပြိုင်းလွန်းတာကြောင့်…
အမောဖြေရင်း.. တဝတဖြဲ…
စားခဲ့ပြန်သည်…။
ကျုံးဘေးမှာ… တစ်ဆုံးငေးတာမို့..
70×71 ရောက်မှဘဲ… အဲ.. လမ်းမှားမှန်း
သိလေပြီ….။
သိပေမဲ့ အခက်သား…၊ ပြန်စရာဆိုင်ကယ်ကလည်း ရှား ပြီမို့
သို့မထူးပေမယ့်..၊ ငိုရခက်ရယ်ရခက်ဖြင့်
ရဲကားနှင့် ဘဲ… ပြန်ခဲ့တယ်..မေရယ်…။
မန်းမြေကို လွမ်းမပြေသေးသော
………….ကိုဇေ…………