ငါ့ရဲ့အရှုံး
လောကဓံရဲ့ရိုက်ချက်တွေ
တစ်ရစ်ပြီးတစ်ရစ်နဲ့
အဆီအနှစ်တက်လို့
ကိုယ့်ကိုယ်ကိုလေ
ခပ်ဝေးဝေးကနေပြန်ကြည့်မိတော့
ငါ… လူမလှတော့ဘူး
အစီအစဉ်ကျနေတဲ့
ဓားချက်တွေရဲ့ကြား
စမ်းတ၀ါးဝါးရှိနေဆဲ
ဘယ်မှာလဲကွယ်…
အချစ်ရဲ့အဓိပါယ်ဆိုတာက
ခါးသီးမှုတွေသက်သက်ပါပဲလေ…
တွေ့ခဲ့ရကြုံခဲ့ရတာက
သဘာဝမကျမှုတွေပဲ
ရင်ဘတ်ထဲကတော်သလိုမခံစားတတ်တော့
ဖြစ်ပျက်ကအမှားတွေချည်းပဲပေါ့
ငါဆွဲထုတ်လိုက်တဲ့မီး
ငါ့ကိုယ်ပေါ်မှာတညီးညီးလောင်နေတယ်
ရှိပါစေတော့ကွယ်
သံသရာဆိုတာကဒီလိုပါပဲ
နင်တလှည့်ငါတလှည့်
သူတလှည့်ကိုယ်တလှည့်တဲ့
ဒါပေမယ့်…
ငါ့မှာတော့အားလုံးနဲ့တလှည့်စီ
အခါခါ ရှုံးပြီးရင်းနဲ့ လေ..
အသင်္ချာရှုံးလို့လဲမဆုံးတော့ပြီ….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service