ကံဆိုးခွင့်တောင် မရှိတဲ့ကောင်
စီးကရက် တစ်လိပ်လို
ဘ၀ ဟာ ဘာမှကြာရှည်မခံ ဘူး ချစ်သူ
ဒီနေ့ငါ့ကို မွေးလိုက်တယ်ဆို
မနက်ဖြန် မှာ ငါသေနေ့စေ့ပေါ့
အဲ့လောက်ထိ နင် သိပ်ရက်စက်တယ်
Endorphin ဟော်မုန်းတွေ
နင့်ရင်ထဲ ဘယ်နလက်မ ထိ မြင့်တက်နေမလဲ
မြတ်နိုးသူ ကို မိုးမစိုစေချင်လို့
ကိုယ်တိုင်သာ နေပူခံခဲ့တဲ့
ငါ . . . .
မန္တလေး သိန်းဇော် ရဲ့ မျှော်စင်ပေါ်က
တစ်ထောင့်တစ်ည ပုံပြင်တွေ ကို ကြည့်ချင်လိုက်တာ . . . . ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service