ကိုယ်ချစ်မရှာ သူချစ်ရှာ…
ကဗျာတပုဒ်ချရေးဖို့အတွက်
ရင်မှာ ခံစားဖို့
ဝမ်းနည်းခြင်း
သို့မဟုတ်
ပျော်ရွှင်ခြင်းလိုအပ်တယ်..
အလွမ်းကဗျာလေးဖြစ်ဖို့
တွေးလိုက်ရုံနဲ့ လွမ်းဖို့ ရင်ထဲက လူတယောက် လိုတယ်..
အချစ်ကိုဖွင့်ဟတဲ့ ကဗျာတပုဒ်ဖြစ်ဖို့
ကိုယ်အချစ်နဲ့ သူ့အချစ် ထပ်တူကျမဲ့
ချစ်သူဆိုတဲ့ နာမည်ခံမဲ့လူ လိုသေးတယ်..
လှပတဲ့ကဗျာတပုဒ်ဖြစ်ဖို့
ကျနော်ရင်ထဲကို လူတယောက်အကြောင်း
လူတယောက်အပြုံးတွေ မထည့်ချင်တော့ဘူး
ရင်ထဲ လူတယောက်အကြောင်းရှိလာပြီးဆို
ပထမဦးဆုံး အထီးကျန်ခြင်းတွေနဲ့ မိတ်ဆက်ရတော့မယ်..
ရင်ထဲက လူရဲ့ ဂရုစိုက်ခြင်းတွေ တောင်းတလာပြီးဆို
လောဘကြောင့် ဖြစ်မဲ့ ဒေါသတွေနဲ့ အတူနေထိုင်ရတော့မယ်
ရင်ထဲက လူရဲ့ အချစ်က မစစ်မှန်ခဲ့ရင်
သံသယတွေနဲ့ မျက်နှာချင်းဆိုင်ရအုံးမယ်
ဒါဆိုသေချာပြီး ရေးရတော့မယ် ကဗျာတပုဒ်က
အသည်းကွဲကဗျာ…
တော်ပါပြီး သိပ်လှတဲ့အချစ်ကဗျာဖြစ်ချင်တာနဲ့
ချစ်သူကြောင့် ကျတဲ့မျက်ရည်တွေနဲ့
အသည်းကွဲကဗျာတွေကို
လက်ညောင်းခံမရေးချင်တော့ဘူး..
ကိုယ်ချစ်မရှာပဲ သူချစ်ကလာရှာလို့
ဖြစ်လာတဲ့ အချစ်နဲ့အလွမ်းခံစားချက်တွေနဲ့ပဲ
သိပ်လှတဲ့အချစ်ကဗျာလေးပဲ
ဖန်တီးတော့မယ်…