အမေ
လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ
အမေဆိုတာ
သားသမီးများအတွက်
မျှဝေခံစား
သက်ဖူးအကာ လက်ဦးဆရာပါအမေ
ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို… အမေ
သက်တော်ရာကျော် ရှည်ပါစေ….
Comment #2
အမေ မရှိတော့ရင်ဆိုတဲ့အတွေး
တစ်ခဏမှ မတွေးဖူးပါ
တစ်ချိန်ချိန်မှာ ကြုံဆုံရမယ့်
အနာဂတ်
အမေ မပါပဲ မလျှောက်ချင်ပါ
အမေ့ အေးရိပ် အမြဲချွေးသိပ်ခွင့် ရချင်ပါတယ်။
By: မနောဖြူလေး at Jun 21, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမေ
ဘယ်ချိန် ခေါ်ခေါ် ရင်ထဲမှာ နွေးတယ်
ဘယ်ချိန် တွေးတွေး ဗျာပါဒတွေ အေးတယ်
ဘယ်ချိန် ရောက်ရောက် ခွန်အားတွေ ပေးတယ်
အမေ !