ပျောက်ဆုံးခဲ့သော..
မိုးတွေကို သိပ်ချစ်တယ်
မိုးရေစက်တွေ ပြန့်ကျဲပြီး
မြေပေါ်ကျလာတာကို ကြည့်ရတာ
သိပ်သဘောကျတယ်
တိုက်တိုက်ဆိုင်ဆိုင်ပဲနော်
အဲ့နေ့က မိုးတွေရွာတယ်
အချစ်လား..
အဲ့နေ့က ဆိုင်လေးရဲ့ အပြင်က မိုးရေတွေကြားထဲမှာ
သူကျပျောက်သွားတယ်လေ
ခံစားရတယ်ဆိုတဲ့စကား
အဲ့အချိန်မှာ ခံစားတတ်ခဲ့ရတယ်..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service