ဆောင်းညလမင်းနဲ့ဒိီကမ္ဘာရယ်..
ချစ်သူ…
ကိုယ့်ရင်ထဲက အလွမ်းတွေကို
ထွန်းလင်းပြလို့ရရင်
လပြည့်ညကလမင်းကြီးတောင်ငိုလို့
ကြယ်တွေ ခဏခဏပဲကြွေကျလီမ့်မယ်။
ချစ်သူ…
ကိုယ့်အီမ်မက်ထဲက မျှော်လင့်ချက်တွေ
မက်ခွင့်ရမယ်ဆိုရင်
ဆောင်းရာသီကညတာတွေတောင်
ထပ်ဆန့်မရတော့လို့
နေမင်းကြီးတောင်မထွက်ဝံ့ပဲနေလီမ့်မယ်။
ချစ်သူ…
ကိုယ့်နှလုံးသားထဲက ချစ်ခြင်းတွေ
ထုတ်ပြခွင့်ရမယ်ဆီု
ကမ္ဘာမှာတိုက်တွေဖယ်
မြေနေရာရယ်လို့ ရှိမှာမဟုတ်တော့ဘူး။ ။
AtM {hninz}
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service