ပြန်ခဲ့တော့
နင်ပြန်လာမှာလားလို့
တံခါးဖွင့်ဖို့သော့ကလေ
ငါတို့ထားနေကျနေရာပါပဲ
ငရုတ်ဆုံလေးရဲ့အောက်မှာ
.
နင်လာကြိုခိုင်းမှာလားလို့
ငါ့ကိုများခေါ်လာခဲ့ရင်လေ
ကလင်သံချက်ခြင်းကြားရအောင်လို့
ဖုန်းကလေးကခေါင်းအုံးဘေးနားမှာ
.
နင်မောပန်းလာမှာလားလို့
သောက်စရာရေအေးအေး
ဖရဲသီးစိတ်လေးတွေနဲ့အတူ
အအေးသေတ္တာထဲမှာထည့်ထားတယ်
.
နင်ဆာလောင်လာမှာလားလို့လေ
ဆတ်သားခြောက်စပ်စပ်လေး
ထမင်းပူပူကိုပေါင်းအိုးထဲမှာနွှေး
ပဲပြုတ်ကလေးလဲဆီဆမ်းထားတယ်
.
နင်ပန်ဖို့စိုက်တဲ့ပန်းကလေးတွေ
အခုဖွေးဖွေးလှုပ်လို့ပွင့်နေပြီ
ရာသီအချိန်ကျရောက်လာလို့
သူတို့သခင်မကိုစောင့်နေကြပြီ
.
အချိန်တွေလဲတစ်ပတ်လည်ခဲ့ပြီ
အေးလဲအေးလို့ချမ်းလှပါသည်
အချိန်မှီတော့ပြန်ခဲ့စေချင်သည်
ဒီရင်ခွင်မှာလဲနွေးချင်လှပါပြီ
အတွေးလေးတွေလဲအေးမြရချင်လို့
နင်အပြေးပြန်ခဲ့တော့ အချစ်ရေနော်….
Comment #2
ထမင်းတွေလဲ အေးကုန်ပါပြီ…
By: kgyi at Nov 23, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြန်မလာသေးဘူးလား