မိုးနည်းရပ်ဝန်းမှ အပြန်
❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆
အပြည့်အ၀မရရင်
ဘာမှမလိုချင်ခဲ့သူပါ…
ချစ်သူနဲ့ကျမှ
အကြွင်းအကျန်တွေနဲ့ ဖြည့်ဆည်း
မနာကြည်းတတ်တဲ့ နှလုံးသားနဲ့
နားလည်ပေးခဲ့သူပါ….။
ကိုယ်ဟာ တပါးသူ လောက်
အရေးမပါခဲ့တာလား…
ခပ်ပါးပါးအချိန်တွေလောက်ပဲ
ကိုယ့်ကိုသတိရကြောင်း
ပြောတတ်တယ်နော်….။
ဆင်ခြေတွေကို အမှတ်တရ
သိမ်းဆည်း ဖူးပါတယ်….
ချစ်သူ့မေတ္တာရပ်ဝန်းမှာ
အကြင်နာ
မိုးတိမ်တောင်ဖြစ်ထွန်းခဲ့ပေမဲ့
ဥယျာဉ်တခုလုံး လွမ်းနာကျ
ခြောက်သွေ့တဲ့
ကိုယ့်ရင်ဘတ်
တ၀က်လောက်တောင်
တခါမှ မိုးမမိဖူးဘူး……။
မိုးနည်းရပ်ဝန်းကအပြန်
ပစ္စုန်ပ္ပန် မရှိတဲ့ငါ
စိတ်ကိုသတ်မိတဲ့နေ့က
နာရီနဲ့ ရက်စွဲတွေ
တမြေ့မြေ့
သေဆုံးသွားကြတယ်….
ကြိုးတိုက်ထဲက
နှလုံးသားကတော့
ခုထိ….တမ်းတ ငိုကြွေးနေတုန်းပဲ……။
အစဉ်စိမ်းလန်းပါစေ.. ..
သျှင်ငြိမ်းချမ်း.. …..
(15 th,July,2014…..04:20 Am)