Hello, မာယာ…..
***************
Hello,မာယာ ……
တဘ၀ တခါ ..ချစ်ခြင်း ဖြင့် သူ့ကို ကျနော် ချစ်ပါသည်…..
ရွက်ကျ ပင်ပေါက် လို စရိုက်မျိုးနဲ့
စော်ကားလိုစိတ် အလျှင်း မရှိ ခဲ့ပါ……..။
Hello, မာယာ……
သူ့အားချစ်ခြင်းဖြင့်ပင်…
နေ့တာတို့လွန်မြောက် …
ဘ၀ အလင်းပေါက်ခဲ့ဖူးပါသည်….
နောင်တ တို့ မရှိခဲ့ဖူးပါ….။
Hello, မာယာ……
သူ့အကြည့်ထဲ ပျော်ဝင်နေ ခဲ့ သောနေ့တို့သည်လည်းကောင်း…
သူ့အပြုံးထဲ စိမ့်ဝင်နေခဲ့သော ညတို့သည် လည်းကောင်း….
တကြိမ်တခါမှ မနာကျင် ခဲ့ဖူးပါ…..။
Hello, မာယာ…..
ငှက်တသောင်း ခိုနားရန်
ကျနော့် ရင်ခွင် မကျယ်ဝန်းလှပါ….
တထောင့် ငါးရာ ချစ်ခြင်း၌ …
နှစ်ယောက်ဆိုလျှင် ပျော်ရွှင် နိုင်သော်လည်း…
သုံးယောက်ဆိုလျှင်မူ အလွန် မွန်းကြပ်လျှက်
သုံးဦးလုံး နာကျင်ခံစား ရတတ်ပါသည်…..။
Hello, မာယာ……
မာယာကမ်းပါး ပြို ခဲ့ပါသော်လည်း….
စိတ်တို့ယိမ်းပါးခြင်းမရှိ…
ကျနော့် နှလုံးသားတို့ ကြံ့ခိုင် လှပါ၏……..။
Hello,မာယာ …..
ရှင်နှောင်းမှ တပါး..
ကျနော့်အား …အခြားသော ချစ်ခြင်း ……အလျင်းမရှိပါ…။
Hello, မာယာ…..
ရှင်နှောင်းမှ တပါး..
ကျနော့်အား …အခြားသော ချစ်ခြင်း အလျင်းမရှိပါ…။
Hello, မာယာ……
ရှင် နှောင်း မှ တပါး…..
ကျနော့်အား …အခြားသော ချစ်ခြင်း ….အလျင်းမရှိပါ…။
ဤသည်ပင်
သျှင်ငြိမ်းချမ်း၏ သစ္စာ စကားဖြစ်၏…။
ဤသည်ပင် …
သျှင်ငြိမ်းချမ်း၏ မေတ္တာ တရား တွင်စေသတည်း……။
ဤသည်ပင်
သျှင်ငြိမ်းချမ်း၏
ရှင် နှောင်းအပေါ်၌ အကြွင်းမဲ့ ချစ်ခြင်း တည် စေသတည်း……။
အစဉ် စိမ်းလန်း ပါစေ….
သျှင်ငြိမ်းချမ်း….
(18th,Oct,2014……00:15 Am)
Show less