အလင်းရောင်
အလင်းရောင်
***********
အလင်းသီအိုရီတခုအဆိုအရ….
အလင်းဟာ…
အမှောင်ရဲ့ အရိပ် မှာ အဆုံး သတ်သတဲ့……။
အချစ်က အလင်း ဖြစ်ခဲ့ရင်..
အမှောင်က အမုန်း..
အရိပ်ဆိုတာအလွမ်းပေါ့…..။
အလင်းရှိမှ အရိပ်ရှိရသလို…
အချစ်ရှိမှ အလွမ်း ရှိရတာပါ…..။
အချစ်ရေ…
မင်းကို လွမ်းနေရဘို့ သက်သက်
မှိန်ပျပျ အလင်းတွေ…ပေးမနေပါနဲ့……။
မင်းဘက်က
အလင်းယိုင်ခဲ့ပြီးမှတော့…
ပုံရိပ်ယောင်တွေ ကို
ငါဆက်ပြီး..
သာယာမနေသင့်တော့ဘူး …မဟုတ်လား….။
ငါ့ဘ၀….
မုန်းမှောင် ဖုံးပါစေ…
မင်းအလင်းတွေ…ရုပ်သိမ်းသွားပါတော့…….
အရာရာတိုင်းအတွက်…
အချစ်ကို
ကျေး……
ဇူး…….
တင်…..
ပါ……
တယ်………..။
အစဉ်စိမ်းလန်းပါစေ….
သျှင်ငြိမ်းချမ်း……..
(19th,Sept,2014 …….. 02:15 Am)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service