ရက်စွဲအမှတ်…၃၁၉
ရက်စွဲအမှတ်…၃၁၉
**************
ငါလိုချင်တာ
နင့်တယောက်တည်းဆီကပါ….
အချစ်ဆိုတာ တုန့်ပြန်တတ်တာထက်
ပိုမယ်ထင်ရဲ့……..။
ဂရုစိုက်မှုတွေ…
လေးနက်မှုတွေ..
ကြင်နာမှုတွေ…
သတိရမှုတွေ…
လွမ်းဆွတ်တမ်းတမှုတွေ…
ဒါတွေဟာ ဒြပ်မဲ့မို့
အမှတ်တမဲ့ရှိနေခဲ့တာလား……။
မမီမကမ်း..
ဒီခြေလှမ်းတွေနဲ့
မြင့်မိုရ် တောင်ထိပ်မရောက်ခဲ့ပေမဲ့..
နင့်ဆီမှန်မှန် အခစား ၀င်ခဲ့ဖူးပါတယ်…..။
နင့်အတွက်ဆိုပြီး
နှိမ့်နှိမ့် ပေးခဲ့လိုက်တာ..
ဒဏ်ရာအထပ်ထပ်နဲ့
ငါ့ကိုယ်ငါ ထမ်းရင်း
နင့်ကိုပဲလွမ်းနေရတယ်…….။
နီးစပ်မှုတွေနဲ့….ဝေးနေခဲ့ရတာကြောင့်
ငါချဉ်ချင်း တပ်ခဲ့တဲ့ သစ္စာတရားဟာ..
ဆွဲငင်အား သီအိုရီ ထဲ မှာ ပုပ်သိုးသွားခဲ့ပေါ့….။
လကွယ်သွားတာ တမ်းတလို့
ကြယ်တွေရယ်တဲ့ ညကြီးထဲ
ကိုယ်ရှိနေဆဲပါကွယ်…
ဒီအချိန်တွေ့ရင် ပြောချင်တယ်
နင့်ကိုငါ အရမ်းချစ်တယ်…….။
နှလုံးသားနဲ့ ပေါင်းခဲ့သူပဲ
မသိရှိပါ့မလား..
တုန့်ပြန်သက်ရောက်မှုတွေ မလို
အချစ်သက်သက်ပဲ လိုချင်သူပါ…
ထိလိုက်ရင်ရွှေစင်..
ခြွေလိုက်ရင် ပတ္တမြား
နင်လိုချင်ခဲ့တာ ငါ့နှလုံးသားမှ
မဟုတ်ခဲ့ပဲကွယ်….
တို့နှစ်ယောက်ကြား…
ဘာတွေက မှားနေခဲ့တာလဲ…….။
အချစ်ဆိုတာ….
စစ်မှန်မှုတွေနဲ့
အလိုအလျောက်
တုန့်ပြန် သက်ရောက်မှုထက်ပိုမယ် ထင်ပါတယ်…
ငါလိုချင်ခဲ့တာ
နင့်တယောက်တည်းဆီကပါ…….။
အစဉ်စိမ်းလန်းပါစေ……
သျှင်ငြိမ်းချမ်း……….
(19th,Aug,2014………02:25 Am)