သက်ငြိမ်
သက်ငြိမ်
*********
ကြေကွဲရင်း ခံစားရင်း…
ကျဉ်းမြောင်းတဲ့ အခန်းတွင်း…
အရာရာ ကိုယ်နဲ့ မသက်ဆိုင်သလိုမျိုး….
အရက်ဆိုင် လည်းမထိုင်တတ်တော့…
သက်ဆိုင်သူကိုလည်းအပြစ် ပုံမချချင်…
မနက်ဖန်အတွက် ခွန်အားမဲ့…
လွန်သွားတဲ့ အချစ်တွေ ရုပ်သိမ်းမရ…
ကိုယ်တွေ့နေရတာ မျက်ဝန်းတစုံ…
ဒီလိုနဲ့…ဘ၀က
လုံးပါးပါးလာခဲ့….။
နှုတ်ခမ်းမွှေးတွေ ရှည်လာတယ်….
စီးကရက်ဘူးခွံတွေ များများလာတယ်…
ကာရံမဲ့ စကားလုံးတွေ တိတ်ဆိတ် လာတယ်…
အသက်ရှူ သံကျယ်လာတယ်….
မိုးကောင်းကင် ကို မော့ မကြည့်ဖြစ် တော့ တာ
အတော်ကြာပြီပဲ လေ……………။
အစဉ်စိမ်းလန်းပါစေ……
သျှင်ငြိမ်းချမ်း……
(13th,Aug,2014…..02:00 Am )
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service