မူမတူသူသို့ အိပ်ဖွင့်ပေးစာ
မူမတူသူသို့ အိပ်ဖွင့်ပေးစာ
^•^•^•^•^•^•^•^•^•^•^•^
ယုံကြည်မှုတွေပွင့်တဲ့ပန်းတခင်း..
လန်းစွင့် ခွင့်ပြုပါ..
နေခြည်လည်းဖြာမယ်….
မိုးလည်း ရွာမယ်….
လရောင်လည်း ပ.. ..
နှင်းလည်းကျမယ်….
ပိတုန်းလည်း ၀ဲ….
လိပ်ပြာလည်းနွှဲ ….
လေညှင်းလည်း ကဲမယ် …
မတူညီမှုတွေ မျှတမှ
တို့နေ့စွဲတွေ လှပနေတော့မပေါ့..
ခြစားကောင်းအောင်….
ပြူတင်းပေါက်တွေ ဟဟ မထားပါနဲ့….
အသက် ၀၀ ရှူ နိုင်ဘို့ ….
နှလုံးသွေးသန့်ဘို့….
ဦးဏှောက် ဖွံ့ဖြိုးဘို့…..
တိုးယိုပေါက်တံခါးတွေ တပ်ဆင်ပေးပါ….
ငါတို့ဟာ ကာလ အကျဉ်းသားမဟုတ်ဘူး..
စံနစ်တစ်ခုရဲ့ ကျေးကျွန်တွေ မဟုတ်ဘူး..
ငါ့အသက်ကို သတ်လို့ရတယ်….
ငါ့စိတ်ဓါတ်ကိုတော့ သတ်လို့မရနိုင်ဘူး….
ငါဟာ ယုံကြည်မှု တုပ်နှောင်ခံရခြင်းမှ
လွတ်မြောက်ခွင့်ရှိသူဖြစ်တယ်…..
အစဉ်စိမ်းလန်းပါစေ…
သျှင်ငြိမ်းချမ်း……
(27th,June,2014… 04:20 Am)