ကျေ နပ် နိုင်ပါစေ
ကျေ နပ် နိုင်ပါစေ
=*=*=*=*=*=*=*=*=
တကယ်ဆို ငါ ဟာ နင်နဲ့ မထိုက်တန်သူလား ……..
မိုင်ငါးဆယ် အကွာက…
ချိုမြိန် တဲ့ အသံ လေးကြားရဘို့..
စက္ကန့် တန် နဲ့ ရန်ဖြစ်
တစ်မိနစ် ကို အလင်းနှစ်နဲ့ ရေတွက်တတ်ခဲ့….
ငါ့နှလုံး ခုန်မမှန်တာ ထက်
နင့် အသက်ရှူ သံကို ပို ဂရုစိုက်နေမိသူပါ……။
ဘယ်အရာကများ….
ငါ့ကိုယ်ငါ မသိအောင် လုပ်ခဲ့ပါလိမ့်……။
နင်ရက်စက်မယ်မှန်း ..
သိနေပါလျက်နဲ့..
နင်ပေးသမျှ
နာကျင်မှု ရသ ကို မှ
တရှိုက်မက်မက် ခံစားနေချင် သူပါ…..။
ကြယ်ကလေးတွေ
နာကျင်စွာ အော်တဲ့ ည က
နင်ကြိုက်တဲ့ လေညှင်းလေး
ရောက်မလာခဲ့ တော့…
ရင်ခုန်သံ ထပ်တူ ကျ လို့
အနောက်ခြံမှာ
ပန်းတွေ ပွင့်မှန်း ငါ တကယ်မသိခဲ့ဘူး……။
ကွဲ ကြေ နေတဲ့ ဖန်ခွက်..
ပြာမချွေ လိုက်ရတဲ့ စီးကရက် တစ်လိပ်..
စုတ်ချက်မပီပြင်တဲ့ ပန်းချီကား တစ်ကား..
အောက်စီဂျင်အငှါး ရှူ ရင်း
နင့်အချစ်ကို ….
တိုးတိတ်တမ်းတနေမိတယ်……။
နင့်ဘ၀ စာမျက်နှာတွေ..
ဗလာမပါ..
အောင်မြင်စွာ ဖြတ်သန်း ..
လျှောက်လှမ်း နိုင်ခဲ့သမျှ….
နောင်တကင်းစွာ….
ဝမ်းသာကျေနပ်နိုင်ပါစေ……။
အစဉ်စိမ်းလန်းပါစေ…
သျှင်ငြိမ်းချမ်း……
[19th,June,2014—00:30 Am]