သို့ တမ်းချင်း..
လှပလိုက်တဲ့ လေညှင်းလေးရေ
ငါမှတ်မိနေတဲ့
ဲ့ညနေခင်းလေးတွေအကြောင်း
ရေးသားချင်ရဲ့ ။
ဘယ်လို ခွဲခွာခြင်းမျိုးကိုမှ
သတိမရချင်ဘူးကွယ်
စိုစွတ်နေတဲ့ လမ်းလေး
စက္ကူနဲ့တူတဲ့ ထိုင်ခုံ
ပန်းလက်ဖဝါးလေးတွေ
ဒါတွေက ငါ့ကိုသတ်နေတဲ့
မှတ်ဉာဏ်တွေကွဲ့သိရဲ့လား ။
အခုလိုညမျိုးမှာ
ငါ့ရဲ့အလွမ်းတို့ကို ထုတ်ဖော်ခွင့်
ပြုပါလေ ။
မေတ္တာတွေ ရေစီးကမ်းပြိုကျ
ငါ မပိုင်တဲ့ အနာဂါတ်မှာ
နင်လာအုပ်စိုးခွင့်ရှိတယ်ကွယ်။
ချစ်ရတာ မောတယ်
အထူးသဖြင့် နင့်ကို ချစ်ရတာ
ပိုမောတယ်။
မိဘ ဆွေမျိုး အသိုင်းအဝိုင်း
အားလုံးကို ရင်ဆိုင်ပစ်မယ် ငါ့ဘေးမှာ
နင်တော့ရှိပါစေပေါ့ ။
မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း
ကြိုးစားကြည့်မယ်
မျဉ်းပြိုင် နှစ်ကြောင်းဆိုရင်တောင်မှ
ငါက Infinity အထိသွားဖို့
ရည်ရွှယ်ပြီးသား ။
ငါ့ရဲ့ ရှင်သန်ရာ —–
ကောင်မလေးရယ်
နင်ဟာ ငါ့အတွက်တော့
လမ်းပြကြယ်ပါပဲ
ဘယ်လောက်ပဲ အလင်းရောင်မှိန်နေပါစေ
ငါ့တစ်ယောက်စာတော့
လုံလောက်ပါတယ် ။
Doz Et (2.11.2014)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service