ဆေးမှင်ရည် စုတ်ထိုး
ဆေးမှင်ရည် စုတ်ထိုး
သည်ဆောင်းဦးပေါက်ဟာ
သဇင်နဲ့ဆောင်တော်ကူးပန်းတွေ
တစ်ပွေ့ကြီးထမ်းလာခဲ့တယ် .. .
အဲဒီ
သဇင်နဲ့ဆောင်တော်ကူးတွေမပွင့်ခင်
ပွင့်မိသားတဲ့ ငါ့စိတ်ကူးမှာ
တန်းလန်းစိုက်ဝင်နေတဲ့
သတိရခြင်းတွေ မမေ့နိုင်လွန်းခြင်းများနဲ့
ရင်တွင်းဖြစ်အလွမ်းဒါဏ်ရာက
အဓိကတရားခံ .. .
ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတော့
နှလုံးသည်းပွတ်က အမာရွတ်ဟာ
မင်းနဲ့ငါ နှစ်ဦးသား
အလိုတူအလိုပါ ဇွတ်တရွတ် အရူးအမူးရေးထိုးခဲ့တဲ့
တက်တူး ဆေးမှင်ကြောင် .. .။
ကိုချို
Comment #2
သဇင်နဲ့ဆောင်တော်ကူးတွေမပွင့်ခင်
ပွင့်မိသားတဲ့ ငါ့စိတ်ကူးမှာ
တန်းလန်းစိုက်ဝင်နေတဲ့
သတိရခြင်းတွေ မမေ့နိုင်လွန်းခြင်းများနဲ့
ရင်တွင်းဖြစ်အလွမ်းဒါဏ်ရာက
အဓိကတရားခံ .. .
By: May Kha at Dec 10, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတော့
နှလုံးသည်းပွတ်က အမာရွတ်ဟာ
မင်းနဲ့ငါ နှစ်ဦးသား
အလိုတူအလိုပါ ဇွတ်တရွတ် အရူးအမူးရေးထိုးခဲ့တဲ့
တက်တူး ဆေးမှင်ကြောင် .. .။
like