ဝင်ရိုးစွန်းတူလို့
တယောက်ကို တယောက် တွန်းကန်ကြတယ်
ကျနော်တို့ညီအကို မောင်နှမတတွေ။
အဖေဟာ အရောင်သန်းနေတဲ့သတ္တု
ကက်ဆက်ကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အပိုင်းအပိုင်းတွေနဲ့
အဆုတ်တခြမ်းမကောင်းတော့ဘူး။
ကျနော်တို့အမှားအယွင်း တခုလုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျနော်တို့ကလည်း ခေသူ မဟုတ်
…. ရွေ့ တယ်။
ကျနော်တို့ခေတ်စိတ္တဇများ
ဆံပင်အရှည်ဖြစ်လိုက်
ကတုံး ဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်။ ။
စိုင်းဝင်းမြင့်
ကြယ်ကမ္ဘာ ရောင်းဝယ်ရေး စာအုပ်မှ