သေဆုံးသွားသောမြို့
သေဆုံးသွားသော မြို့
နှဲတစ်လက်ရဲ့တွန်သံဟာ
ညောင်နာနာ သံစဉ်တော့မဟုတ်ဘူး
ဝိဥာဉ်တစ်ခုရဲ့လှိုက်မောတဲ့ရယ်သံလိုလို
နတ်ဆိုးတစ်ကောင်ရဲ့ ဟောက်သံလိုလို
ကြယ်တစ်ပွင့်ရဲ့ ကြွေသံလိုလို…..
တစ်ကယ်ကို ဘာ လို လို ပါ ပဲ
အဲ့ဒီ တွန်သံ အောက်မှာပဲ
ငါ တို့ မြို့ အနားယူနေတယ် ။ ။
သေမိန့်ချမဲ့ဓားတစ်လက်နဲ့
ငါတို့မြို့ဟာ ..
ဓာတ်တိုင်အောက်မှာ မှောင်နေတယ်။
တစ်စ တစ်စနဲ့ …
လမ်းပေါ်မှာ ရေအိုင်တွေများလာပြီ
အဖာအထေးတွေကလည်း
ဟိုနေရာ သည်နေရာ …
နှံ့နေ ပျံ့နေအောင်
ကိုယ်ပိုင်မြို့ပြ ထူထောင်နေကြတယ်။
အတွေးတွေကအောက်တန်းကျတာလား
အောက်တန်းကျတာတွေပဲ တွေးနေတာလား
တစ်ခုခုတော့ တစ်ခုခုပဲ
ငါ တို့ နေရာမှာ
ပန်းပွင့်တော့ဘူး၊ လေမတိုက်တော့ဘူး
တစ်ခါတစ်ခါ ပေါ်လာတဲ့ သက်တန့်တောင်
အရောင်မစုံတော့ဘူး ။။။
ပြာနေတတ်တဲ့ကောင်းကင်
နီစွေးသွားတယ် … ။
ဖုထစ်နေတဲ့ တောင်တွေ ..
ပြန့်ပြူးသွားတယ်
စီးဆင်းနေတဲ့ မြစ်တွေ …
ကိုယ်ယောင်ဖျောက်သွားကြတယ် ..။
ဒီလောက်တောင်ဖြစ်လှတာ
တော် ပြီ ။
ငါ့ ကိုယ် ငါ ပဲ …. အတိုင်းအဆမဲ့ ..
ဆွံ့ အ ပစ် လိုက် တော့ မယ်။
သုခေတ်
ညနေ (၃း၁၆)
၈.၁.၂၀၁၅
Comment #2
I like ur poem.
Comment #1
ပြာနေတတ်တဲ့ကောင်းကင်
နီစွေးသွားတယ် … ။
ဖုထစ်နေတဲ့ တောင်တွေ ..
ပြန့်ပြူးသွားတယ်
စီးဆင်းနေတဲ့ မြစ်တွေ …
ကိုယ်ယောင်ဖျောက်သွားကြတယ် ..။
ဒီလောက်တောင်ဖြစ်လှတာ
တော် ပြီ ။
ငါ့ ကိုယ် ငါ ပဲ …. အတိုင်းအဆမဲ့ ..
ဆွံ့ အ ပစ် လိုက် တော့ မယ်။