ခရုဖတ်ဖို့ ၁
ခရုရယ် …
သွားပါတော့
နေညိုလို့ ကမ်းစပ်က
ခရုကောက်သူတွေ မပြန်ခင်
ပင်လယ် ငါ့ကိုထားခဲ့ပါတော့
ငှက်ငယ်ရယ်…
သွားပါတော့
အမှောင်မကျခင်
အကိုင်းတစ်ကိုင်းမှာနားဖို့
တိမ်တိုက် ငါ့ကိုထားခဲ့ပါတော့
ပန်းပွင့်လေးရယ် …
ငါလေပန်းစိုက်သူပဲဖြစ်ချင်တယ်
ပန်းခူးတဲ့လူ မဖြစ်ချင်ဘူး
ပန်းပွင့်တွေကို မပန်ဘဲနဲ့
ခူးပြီး တစစီချွေပစ်တဲ့
လူတွေကိုတော့ မုန်းတယ်
ဟုတ်တယ်
ငါကအတ္တကြီးတယ်
တကိုယ်ကောင်းဆန်တယ်
ဟန်ဆောင်ကောင်းတယ်
အဲ့ဒါကြောင့် လှည့်မကြည့်ပဲ
သွားပါတော့။ ။
Composed by Harald
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service