မီးရှို့ပစ်ချင်သော မယ်မိုရီများ
ပလက်ဖောင်းပေါ်က
Head phoneတပ်ထားတဲ့ ခြေရာတွေ
တိတ်ဆိတ်သွားတဲ့အခါ
ဆံပင်တွေကို ထိုးဖွပြီး စတတ်တဲ့ ရယ်သံတစ်ခုကို
လိုက်ရှာနေမလား ~~
‘ဘာတစ်ခုမှမကျန်ခဲ့စေနဲ့’
သတိပေးနေမိတဲ့ကြားက
ကျန်ခဲ့ဦးမှာမြင်ယောင်သေးတယ် ~~
ဂရုစိုက်မှုတွေက ရှေ့က ကော်ဖီခွက်ထဲက ကော်ဖီလိုအေးစက်
ချက်ချင်းကောက်မသောက်မိခဲ့တာ အပြစ် ~~
ဘာ
ကတိကဝတ်မှ ပြုမထားခဲ့တဲ့ ပတ်သက်မှု တစ်စုံတစ်ရာ
ကိုယ်ကချည်း ကတိတွေအထပ်ထပ်ပေးခဲ့ဖူးတာ ရယ်စရာတော့ အကောင်းသား ~~
လက်ပြနှုတ်ဆက်ဖော်တောင်မရတဲ့သူကို
တိမ်တွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့အထိ မျက်စိတဆုံးငေးမောကျန်ရစ်စေချင်တဲ့ အရူးဟာ ကိုယ် ~~
အတိတ်ကို ပြန်ပြန်လှည့်ကြည့်ရတာ
ကိုယ့်ဒဏ်ရာကို ကိုယ်လျှာနဲ့ပြန်လျက်ရသလိုပဲ ~~
တစိမ်းတွေ အရင်းနှီးဆုံးဖြစ်ပြီး
အရင်းနှီးဆုံးတစိမ်းတွေပြန်ဖြစ်လိုက်ရတာ ~~
ခံနိုင်ရည် ဟုတ်လား?
ကျေးဇူးပြု၍ မမေးပါနဲ့
မျက်ဝန်းထဲ၌ ရွာချစရာ မည်သည့်မိုးတိမ်မျှမရှိစေရ ~~
ကြွေကျသွားတဲ့ နောက်ဆုံးသစ်ရွက်က
ဘယ်တော့မှ သစ်ပင်ပြန်မဖြစ်ဘူး ~~
ဒီကဗျာက မီးခြစ်ဆံတစ်ချောင်း
Burn all the memories
.
.
.
မေဃ