ငါ
ခန္ဓာငါးပါး ငါပိုင်ထင်မှတ်
အတွေးမမြတ် စိတ်တွင်စွဲက
ရောက်လာသောက မနောဒုစရိုက်
ဒုက္ခသုခ လှည့်ပတ်စီးဆင်း
ဤဘဝဝယ် ဘယ်မှာစိတ်ချမ်းမြေ့ ။
ခန္ဓာငါးပါး ငါပိုင်ထင်မှတ်
အရာရာတိုင်း ငါနှင့်သာဆိုင်
လောဘမောဟ ရောယှက်လာလျှင်
ဒေါသပိုင်စိုး တဏှာတိုး၍
ဤဘဝဝယ် ဘယ်မှာစိတ်ချမ်းမြေ့ ။
ခန္ဓာငါးပါး ငါပိုင်ထင်မှတ်
အယူလွဲမှား ငါမိုက်သားတည်
ငါစိတ်မလျော့ အတွေးချော်မက်
လမ်းမှန်မမြင် ပြင်ဖို့ခက်က
ဤဘဝဝယ် ဘယ်မှာစိတ်ချမ်းမြေ့ ။
ခန္ဓာငါးပါး ငါပိုင်ထင်မှတ်
ဘဝခရီးဝယ် နေဝင်ချိန်ကြုံ
မလွဲဧကန် လက်ဝယ်မရှိ
အရာရာတိုင်း ငါ့ဥစ္စာဟုစွဲ
အစွဲမှားကြောင့် သံသရာခရီး
နောက်ဘဝတွင် ဘယ်မှာကျွတ်မည်နည်း။