ခွပ်ဒေါင်းသွေးကွပ် ပေပြန်ပြီ
ပညာတပ်သား ၊ မောင်ကျောင်းသားအား
နွားလိုရှုမောင် ၊ မိုးမထောင်ဟု
ကြွေးကြော်ဟစ်ကြွေး ၊ အမိန့်ပေး၍
အတွင်းစိတ်ပုတ် ၊ ဘီလူးရုပ်နှင့်
လက်နှက်ကိုင်ဆွဲ ၊ သတ်ဖြတ်ခဲ့သည်
ခွပ်ဒေါင်းသွေးကွပ် ၊ ပေခဲ့ပြီ။
ထိုမှတဖန်
ခွပ်ဒေါင်းလက်ကျန် ၊ မျိုးဆက်မှန်သည်
တာဝန်လက်လွှဲ ၊ ယူကာစွဲ၍
ဆက်လက်တိုက်ပွဲ ၊ ဝင်ကာနွှဲလည်း
အာဏာနောက်လိုက် ၊ ခွေးတသိုက်၏
ရက်စက်ကမ်းကုန် ၊ ရိုက်နှက်ပုံကြောင့်
ခွပ်ဒေါင်းသွေးကွက် ပေပြန်ပြီ….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
PoemsCorner Authors
PoemsCorner Choices
ခွပ်ဒေါင်းသွေးကွပ် ပေပြန်ပြီ
ပညာတပ်သား ၊ မောင်ကျောင်းသားအား
နွားလိုရှုမောင် ၊ မိုးမထောင်ဟု
ကြွေးကြော်ဟစ်ကြွေး ၊ အမိန့်ပေး၍
အတွင်းစိတ်ပုတ် ၊ ဘီလူးရုပ်နှင့်
လက်နှက်ကိုင်ဆွဲ ၊ သတ်ဖြတ်ခဲ့သည်
ခွပ်ဒေါင်းသွေးကွပ် ၊ ပေခဲ့ပြီ။
ထိုမှတဖန်
ခွပ်ဒေါင်းလက်ကျန် ၊ မျိုးဆက်မှန်သည်
တာဝန်လက်လွှဲ ၊ ယူကာစွဲ၍
ဆက်လက်တိုက်ပွဲ ၊ ဝင်ကာနွှဲလည်း
အာဏာနောက်လိုက် ၊ ခွေးတသိုက်၏
ရက်စက်ကမ်းကုန် ၊ ရိုက်နှက်ပုံကြောင့်
ခွပ်ဒေါင်းသွေးကွက် ပေပြန်ပြီ….