Professional Authors

အိပ်မက်အသေထဲက ည

ဒီည. . .
တွေးလက်စအတွေးဟောင်းတွေရဲ့အဝေး
ရေးလက်စကဗျာလေးရဲ့ဘေးမှာ
ချစ်သူကို ငြိမ်ငြိမ်လေးထိုင်ခိုင်းထားတယ်

ရယ်သံတွေ ခဏလောက်တိတ်ပေးပါလေပြေညင်းရယ်
ငါ့နှလုံးခုန်သံတွေ လန့်နိုးသွားလိမ့်မယ်

လရောင်ကိုပန်ပြီး
ကြယ်ရောင်စုံ ခြေနင်းနဲ့ချစ်သူ

မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းပါးထက်မှာ
ငါ့အသက်ရှူသံ တိုးတိုးကြားတယ်

ခြေသံတွေ တိတ်တဆိတ်နဲ့
ငါ့ရင်ခွင်ထဲ ဖြတ်နင်းသွားသူ

မင်းရဲ့ပြုစားတတ်တဲ့ မျက်ဝန်းတွေအတွက်
ငါဟာ လူယောင်ဆောင်ထားတဲ့
သားရဲတစ်ကောင်

ငါ့နှလုံးသားက မင်းရဲ့ပြစ်မှတ်
မင်းပြစ်ချင်သလြိုပစ်
ငါက သေပေးဖို့ အဆင်သင့်. . .

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment