ကော်ဖီခွက်ထဲ လွတ်ကျသွားတဲ့အလွမ်း
ညီမလေးမလာတော့ဘူးဆိုလို့ ကော်ဖီတွေအရင်လိုမပူတော့ဘူး
သတိရခြင်းလို့ခေါင်းစဉ်တပ်ထားတဲ့စာရွက်လေး
ကြေမွမွရယ်
ပြက္ခဒိန်ကို ဒီနေ့ပဲကိုယ် အသစ်လဲလိုက်တယ်
နေ့သစ်နံသစ်အခန်းထဲက အသစ်မဖြစ်သေးတဲ့အသိနဲ့သတိကိုပန်ကာလိုလှည့်ပတ်
နာရီတွေ တစ်ပတ်ပြီးတစ်ပတ်
နွေနေ့လယ်ခင်းတစ်ခုထဲက အပူရောင်မော်လီကျူးများ
့်အခန်းထဲမှာလှုပ်ရှား
သက်ပြင်းနဲ့ရုန်းကန်နေရတဲ့ ကိုယ့်ဘဝကို ညီမလေးဘယ်မြင်မှာလဲ
ဟူး. . .ပူတယ်
ရာသီစက်ဝန်းထဲ ညီမလေးနာမည်ကိုအပ်ကြောင်းထပ်အောင်ရေ
ရွတ်ရင်း ကိုယ်ဟာ အဲဒီရာသီလုံးလုံးဖြစ်သွားခဲ့
အက်ကွဲလာတဲ့ မြေသားထုပမာဏအတိုင်း
ကိုယ့်နှလုံးသားကို စတေးလိုက်တယ်
ကိုယ့်ရင်ထဲကန္တာရမှာ ဘယ်အိုအေစစ်မှ မဖူးပွင့်စေရဘူး
ကွာဝေးခြင်း ခရီးမိုင်များပေါ်
ဝေဒနာတွေ ထည်လဲဝတ်ဆင်ရင်း
သက္ကရာဇ် ဘယ်ရွေ့ဘယ်မျှ ခရီးဆက်ရမယ်မသိတဲ့
ကိုယ့်ရဲ့ အေးတိအေးစက်မနက်ခင်းတွေမှာ
ကော်ဖီတွေ အရင်လိုမပူတော့ဘူး. . .
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service