လိပ်ပြာ
အချစ်ဆိုတာ စားသုံးသူကိုရူးသွပ်စေတတ်သတဲ့
ငါ့အခန်းထဲက ထွက်သွားပေးပါ လိပ်ပြာ
ပြင်းရှရှအရသာနဲ့ ရစ်မူး
ငါ့နှုတ်ခမ်းပါးကို ဘယ်သူရှိုက်နမ်းခဲ့တာလဲ
ငါ့နှလုံးခုန်သံတွေ မြန်လာတယ်
စက္ကန့်မလပ်ပြုစားခံလိုက်ရတဲ့ အကြည့်ဟာ
စေတန်ရဲ့ပန်းသီးတစ်လုံး
အာဒံရဲ့နံရိုးတစ်ချောင်းနဲ့ ကုတင်ပေါ်မှာ
ကပိုကရို လျောင်းစက်နေခဲ့တယ်
အနားသတ်ညီတဲ့ ကောက်ကြောင်းတစ်လျောက်
၃၄
၂၄
၃၆
၅’ ၆”
ကိန်းဂဏန်းတွေ ငါ့ကိုမြှူဆွယ်နေလေရဲ့
ငါ့အသွေးသားတွေ မဆူပွက်ခင်
အာရုံငါးပါး မလွင့်ပျယ်ခင်
မင်း. . .
ငါ့အခန်းထဲက ထွက်သွားပေးပါ လိပ်ပြာ. . .။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service