ဂျစ်ပစီတစ်ယောက်ရဲ့ ဒိုင်ယာရီ
ခဏခဏမေ့တတ်လွန်းတဲ့ အရာတွေထဲမှာ
ကိုယ့်အကြောင်းက ခေါင်းစီးကပါတယ်
တစ်နေ့တစ်နေ့ မြင်နေတွေ့နေရတဲ့
မငြီးငွေ့နိုင်တော့တဲ့ ငြီးငွေ့ခြင်းများ
လမ်းပေါ်က ကားတွေ
ကားပေါ်က လူတွေကိုမြင်တိုင်း
ငါ့ရင်ဘတ်က ထထပွက်တယ်
ကလေးတစ်ယောက်ရဲ့အလိုမကျမှုမှာ
ငိုသံက သံသယကင်းစေတယ်
လူကြီးတွေမျက်နှာမဝင်းတာ
ရာသီဥတု ပူလို့ပါ
ကောင်လေးနဲ့ကောင်မလေး လမ်းလျောက်တာငေး
အဘိုးနဲ့အဘွား ဈေးရောင်းတာငေး
သူတောင်းစား သီချင်းဆိုတာငေး
ကလေးတစ်ယောက် အမှိုက်ကောက်တာငေးရင်း
ငါ့ထောင့်ချိုးလေးမှာ
ဂျင်းဘောင်းဘီဝတ်မယ်
ဂစ်တာတီးမယ်
မျှော်လင့်ထားသလောက်တော့
ငါတို့ မျှော်လင့်ကြည့်ကြတာပေါ့. . .။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service