Professional Authors

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့

အတိတ်မြစ်ပြင်မှာ အလွမ်းတွေ တက်ကုန်ရွက်လွှင့်
ရင်ခွင်ကမ်းပါးတစ်ခုမှာ ခိုလှုံခွင့် မရခဲ့သူပါ

မာယာများတဲ့ ရာသီဥတုထဲ
ဘယ်ခြေတစ်လှမ်းပြင်တာနဲ့
ညာလက်သီးဟာကိုယ့်မေးရိုးဆီ ချိန်သားကိုက်

သတိရတိုင်းံ အသက်ရှူသံ ထထစမ်းနေရတဲ့
အဟောသိကံ နေ့တွေ

လှိုင်းကြီး
လေကြီး
မိုးကြီး
သောကကြီးကြီး
ထင်သလောက် မကြီးကျယ်ခဲ့တဲ့ အချစ်နဲ့
ကိုယ့်အဘိဓမ္မာကိုယ်ဖွင့်ရင်း

ဒုက္ခဘုံထဲ ကျလာတဲ့ဘဝပေမို့
မေတ္တာတရားရဲ့ အတွေ့အထိကို တောင့်တခဲ့မိတယ်

ဒီလိုနဲ့ . . .
တစ်နေ့ပြီးတစ်နေ့
ပြောရင်းဆိုရင်း
မိုးစင်စင်လင်းခဲ့ပြန်ပေါ့. . .။

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment