Professional Authors

နွေရာသီပတ်ပျိုး

နွေရဲ့အရိပ်အောက်က မကင်းလွတ်နိုင်သေးတဲ့ ငါ့ညတွေမှာ

အလွမ်းရင့်ရင့်တွေ ပွင့်ဖူးနေတုန်းပါ  ချစ်သူ

စကားလုံးနှစ်လုံးသာ ခြားခဲ့ပေမယ့် ငါတို့အလှမ်းဝေးလွန်းတယ်

တစ်ခါပြန်မရတဲ့ နုပျိုခြင်းဟာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့စွန့်ခွာခဲ့တဲ့ လမ်းရဲ့အစပေါ့

တယုတယသိမ်းထားတဲ့မင်းဓာတ်ပုံ ဒီလမ်းလေးရဲ့ မြေပုံ

ကြယ်တွေစုံတဲ့ညဟာ ငါမျှော်နေမိတဲ့ မင်းမျက်နှာ

အမှောင်ကမ္ဘာထဲက ငါကတော့ မင်းအတွက်အိပ်ရေးပျက်ခဲ့တဲ့ ညဉ့်ငှက်တစ်ကောင်ပေါ့

စိန်စီတဲ့လမ်းပေါ်က မင်းကို မာကျူရီမီးရောင်အောက်ကကြည့်ငေးရင်း

ဖန်စီအိပ်မက်လှလှလေး မက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်

ငါကတော့ မပြီးဆုံးသေးတဲ့ နွေရာသီပတ်ပျိုးထဲက လွမ်းမယ်. . .။

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment