Professional Authors

ဖိနပ်လေးတစ်ရံ

ငယ်စဉ်အခါ ဟိုကလေးဘဝ
ဖိနပ်လေးတစ်ရံ မေမေဝယ်ပေးခဲ့တယ်

ကျောင်းသွားကျောင်းပြန်
နွေဦးပေါက် မနက်ခင်းမှာ ဝင်းဦးလို လမ်းလျောက်
ဆောင်းဦးပေါက် မနက်ခင်းမှာ ဒေးဗစ်ဘက်ခမ်းလို လှမ်းလျောက်
မိုးထဲလေထဲ စူပါမန်းလို ဖြတ်လျောက်
သားနဲ့ သားဖိနပ်လေးတစ်ရံ

သားအိပ်မက်တွေ ခြေတောက်မပေါက်မီအချိန်အထိ
သားပိုင်ခဲ့တဲ့ ဖိနပ်လေးတစ်ရံ
ခုနေခါ ပြန်တမ်းတမိတယ် မေမေ. . .။

In: ကဗျာ Posted By: Date: May 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment